လုပ်ပွဲကစားမှုဖြင့် ကာတာနီးယားဥက္ကဋ္ဌ အပါအ၀င် ၇ ဦးကို ဖမ်း

ဓာတ်ပုံ - အေအက်ဖ်ပီ
705
၂၀၁၃-၁၄ ရာသီမှာ စီးရီးအေကနေ စီးရီးဘီကို တန်းဆင်းသွားတဲ့ ကာတာနီးယား ဥက္ကဋ္ဌ အပါအ၀င် ၇ ဦးကို လုပ်ပွဲကစားမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပါတယ်။
အဖမ်းခံရသူတွေထဲမှာ ကာတာနီးယားဥက္ကဋ္ဌ ပူလ်ဗီရန်တီ၊ လက်ထောက် ဆီတီနိုနဲ့ အားကစားဒါရိုက်တာဟောင်း ကာရီတို့ ပါဝင်နေပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဘယ်ပွဲတွေမှာ လုပ်ပွဲလုပ်ခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
အနည်းဆုံး ၅ ပွဲ၊ ၆ ပွဲလောက် လုပ်ပွဲတွေ လုပ်ခဲ့ပြီး ရရှိတဲ့ငွေကြေးတွေကို ကစားသမားတွေကိုလည်း ခွဲပေးခဲ့တယ်လို့ ပြောပါတယ်။
ကာတာနီးယားကလပ်ဟာ စီးရီးဘီမှာ ၂၀၁၄-၁၅ ရာသီက တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာ အဆင့် ၁၅ မှာ ရှိနေခဲ့ပါတယ်။
အီတလီဘောလုံးလောကမှာ လုပ်ပွဲတွေ လုပ်နေတယ်ဆိုတဲ့ နာမည်ဆိုးထွက်နေပြီး ၂၀၀၆ ခုနှစ်က ဂျူဗင်တပ်၊ လာဇီယို၊ ဖီအိုရင်တီးနား အသင်းတွေဟာ လုပ်ပွဲကစားမှုကြောင့် စီးရီးဘီသို့ တန်းဆင်းခဲ့ရပါတယ်။
ဂျူဗင်တပ်ဟာ အမှတ် ၃၀ လျှော့ပြစ်ဒဏ်နဲ့ ၂၀၀၅ ချန်ပီယံဆုပါ ရုပ်သိမ်းခံခဲ့ရဖူးပါတယ်။