A d v e r t i s e m e n t With Us

ကိုပါအမေရိက ဖလား ချီလီ ဆီမီးဖိုင်နယ်တက်

ကိုပါအမေရိက ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင်အသင်းဖြစ်တဲ့ ချီလီက ဥရုဂွေးအသင်းကို အနိုင်ယူပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ချီလီက ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းအထိ အသာစီးရယူကစားနိုင်ခဲ့ပြီး ပွဲချိန် ဒုတိယပိုင်း ၈၁ မိနစ်မှာ ချီလီကစားသမား မာရီဂျို အဇ်လာရဲ့ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲဖြစ်တာနဲ့အညီ အကြိတ်အနယ်ကစားခဲ့ပြီး ဥရုဂွေးအသင်းက ကစားသမားတွေဖြစ်တဲ့ အစ်ဒီဆန်ကာဗာနီနဲ့ နောက်တန်းကစားသမား ဂျော့ဂျီ ဖူစီလီတို့ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ချီလီအသင်းဟာ ဇွန် ၂၆ ရက် ဘိုလီဗီးယားနဲ့ ပီရှုးအသင်းထဲက အနိုင်ရတဲ့ အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ တခြားကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ ဇွန် ၂၇ ရက်မှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာ၊ ဘရာဇီးလ်နဲ့ ပါရာဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up