အဆိုတော် တေလာဆွစ် နိုဝင်ဘာတွင် စင်ကာပူ လာမည်

နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်မှာ နာမည်ကြီး ပေါ့ပ်အဆိုတော် တေလာဆွစ်က စင်ကာပူ အင်ဒေါ Taylor Swift-Reuters02စတူဒီယမ်မှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ “ဟေ့သူငယ်ချင်းတွေ၊ ကျမက တေလာပါ။ ၁၉၈၉ ကမ္ဘာအလည်အပတ် အစီအစဉ် အာရှကို နိုဝင်ဘာမှာ ယူဆောင်လာမယ်ဆိုတာကို အသိပေးဖို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ အရင်တခေါက်လာတုန်းက တကယ့်ကို အံသြဖို့ကောင်းတဲ့အတွက် နောက်တခေါက်ပြန်လာဖို့ မစောင့်နိုင်တော့ပါဘူး။” လို့ တေလာဆွစ်က ဗွီဒီယို မက်ဆေခ်ျ့ကနေ တဆင့် ပရိသတ်တွေကို ပြောပါတယ်။ ဒီပွဲအတွက် လက်မှတ်နှုန်းထားတွေကတော့ စင်ကာပူ ဒေါ်လာ ၁၂၈ ကနေ စတင်ပြီး စင်ကာပူ ဒေါ်လာ ၁၈၈၊ ၂၄၈၊ ၂၈၈ နဲ့ အမြင့်ဆုံးကတော့ စင်ကာပူ ဒေါ်လာ ၃၂၈ အထိ ရောင်းချသွားမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကို Sports Hub Tix ကနေ တဆင့် ဇွန် ၃၀ မနက် ၁၀ နာရီမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သြစတြေးလျကို မသွားခင် တေလာဆွစ်ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာလည်း နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

//
More News
Up