A d v e r t i s e m e n t With Us

ပြင်သစ်သမ္မတများကို အမေရိကန်က ထောက်လှမ်းစုံစမ်း

ဓာတ်ပုံ - AFP
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအေဂျင်စီ (အန်အက်စ်အေ) ဟာ ပြင်သစ်သမ္မတ ယက်ရှိရက်ခ်၊ နီကိုလာဆာကိုဇီနဲ့ ဖရန်ဆွာ အော်လွန်းတို့ကို ထောက်လှမ်းစုံစမ်းခဲ့ပါတယ်။ ၂၀၀၆ ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြင်သစ်သမ္မတ ၃ ဦး အပါအ၀င် ၀န်ကြီးတွေနဲ့ အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်တွေကို သူလျှိုလုပ်စုံစမ်းခဲ့တာလို့ အန်အက်စ်အေရဲ့ ထိပ်တန်းလျှို့ဝှက်ထောက်လှမ်းရေး အစီရင်ခံစာနဲ့ နည်းပညာဆိုင်ရာ မှတ်တမ်းတွေကို ကိုးကားပြီး အမေရိကန်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ထုတ်ဖော်လေ့ရှိတဲ့ ၀ီကီလိခ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က မှတ်ချက်ပေးဖို့ ငြင်းဆိုထားတယ်လို့ အေအက်ဖ်ပီ သတင်းက ရေးပါတယ်။ ပြင်သစ်သမ္မတနန်းတော်ကို ရည်ညွှန်းပြီး “အယ်လီဆေးကို သူလျှိုလုပ်ခြင်း” လို့ ခေါင်းစဉ်ပေးထားတဲ့ မှတ်တမ်းတွေကို စတင်ထုတ်ဝေနေပြီိလို့ ၀ီကီလိခ်က ဇွန် ၂၃ ရက်က ပြောပါတယ်။ ဒီမှတ်တမ်းတွေကို ပြင်သစ်သတင်းစာနဲ့ အင်တာနက် စာမျက်နှာတွေမှာ စတင်ဖော်ပြနေပြီ ဖြစ်ပါတယ်။ မဟာမိတ်လို့ မှတ်ထင်ထားတဲ့ ရွေးချယ်ခံ အစိုးရကို စောင့်ကြည့်နေတာ ပြင်သစ်လူထုတွေ သိရှိဖို့ အခွင့်အရေး ရှိသလို အနာဂတ်မှာ အရေးပါတဲ့ အရာတွေကို ထုတ်ဖော်သွားဖို့ ရှိသေးတယ်လို့ ၀ီကီလိခ် တည်ထောင်တဲ့ ဂျူလီယာ အက်ဆန်းက ပြောပါတယ်။ အန်အက်စ်အေ ကန်ထရိုက်တာ အက်ဝပ်စနိုဒင် ခိုးယူသွားတဲ့ ဒီမှတ်တမ်းတွေ ဘယ်ကရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ပြောပါတယ်။ ၂၀၁၃ ခုနှစ်က ဂျာမနီဝန်ကြီးချုပ် အဲန်ဂျလာမာကယ်လ်ကို အန်အက်စ်အေက သူလျှိုလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up