A d v e r t i s e m e n t With Us

တိုက်စစ်မှူး ထရာအိုရီ ချဲလ်ဆီးတွင်ကစားရန် အလုပ် လုပ်ခွင့်ပါမစ်ရ

ဘူကီနာဖာဆိုနိုင်ငံသား တိုက်စစ်မှူး ထရာအိုရီဟာ ချဲလ်ဆီးအသင်းမှာ ကစားခွင့်ရဖို့ အလုပ်လုပ်ခွင့်ပါမစ်ကို ဇွန် ၂၂ ရက်နေ့က ရသွားပြီဖြစ်ပါတယ်။ ၁၉ နှစ်သား ထရာအိုရီဟာ ၂၀၁၄ ဇန်န၀ါရီကတည်းက ချဲလ်ဆီးနဲ့ စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် ပါမစ်မရသေးတာကြောင့် ဟော်လန်အသင်း ဗီတက်ဆီကလပ်မှာ  အငှားစာချုပ်နဲ့ သွားကစားနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ၃၆ ပွဲ ကစားရာမှာ ၁၇ ဂိုး သွင်းပေးထားပါတယ်။ သူဟာ ၁၄ နှစ်သားအရွယ်မှာ ဘာကီနာဖာဆို ယူ ၁၇ အသင်းမှာ ပါဝင်ကစားခဲ့ပြီး ၁၅ နှစ်သားမှာတော့ အသင်းကြီးမှာ ပါဝင်ကစားခဲ့ပါတယ်။ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ၃ ကြိမ် ပါဝင်ကစားထားသူဖြစ်ပြီး နိုင်ငံအသင်းကြီးအတွက် ၂၃ ပွဲကစား ၂ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up