A d v e r t i s e m e n t With Us

အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာက ကမ္ဘာဒီးယားကို ဂိုးပြတ်နိုင်

ဓာတ်ပုံ - MFF
ဗြီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဇွန် ၂၃ ရက်နေ့က ကစားခဲ့တဲ့ အာရှဒေသတွင်း အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ (အာဆီယံဇုန်) အုပ်စု က အဖွင့်ပွဲစဉ်မှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စု က အခြားပွဲစဉ်မှာတော့ ထိုင်းအသင်းက လာအိုအသင်းကို ၉ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ ၂၀၁၅ (အာဆီယံဇုန်) ကို ဇွန်လ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ကစားကြမှာပါ။ အာဆီယံဇုန်မှာ အုပ်စု က နဲ့ ခ နှစ်အုပ်စုရှိပြီး အုပ်စု က မှာ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယားတို့ ပါဝင်ပါတယ်။ အုပ်စု ခ မှာ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်အသင်းတို့ ပါဝင်ပါတယ်။ မြန်မာအမျိုးသမီး ယူ-၁၄ အသင်းဟာ ဇွန်လ ၂၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှာ လာအိုအသင်းနဲ့ အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ထိုင်းအသင်းကတော့ ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up