A d v e r t i s e m e n t With Us

ပါးမားအသင်း အပျော်တမ်းလိဂ် စီးရီး ဒီကို တန်းဆင်း

အသင်းမှာတင်နေတဲ့ အကြွေးတွေကို ပေးဆပ်နိုင်ရန် ပိုင်ရှင်သစ်ရှာဖွေမှု မအောင်မမြင်ဖြစ်ခဲ့တဲ့အတွက် အီတလီကလပ် ပါးမားအသင်းဟာ အီတလီ အပျော်တမ်းလိဂ် စီးရီး ဒီကို တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ ပါမားအသင်း တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ပါးမားအသင်းဟာ စီးရီးအေ အမှတ်ပေးဖလား ရခဲ့ဖူးတာမရှိပေမယ့် ၁၉၉၀ ပြည့်နှစ်တွေမှာ ယူအီးအက်ဖ်အေဖလား ၂ ကြိမ်ရရှိထားပြီး ယူရိုပီယန် ၀င်းနားကပ် ၁ ကြိမ်၊ ယူရိုပီယန် စူပါကပ် ၁ ကြိမ်ရခဲ့ဖူးတဲ့အသင်း ဖြစ်ပါတယ်။ ကိုပါအီတာလီယာ ဖလားကိုလည်း ၃ ကြိမ် ရဖူးခဲ့တာပါ။ အောင်မြင်မှုတချို့ရခဲ့တဲ့ ပါးမားအသင်းဟာ အခုနှစ် မတ်လမှာတော့ ဒေ၀ါလီခံခဲ့ရပါတယ်။ အသင်းကတင်နေတဲ့ အကြွေးတွေကို ကယ်တင်နိုင်ဖို့ ပိုင်ရှင်သစ်ရှာဖွေခဲ့ပြီး ၀ယ်ယူနိုင်ဖို့ အလားအလာရှိသူ ၂ ဦးကို တွေ့ခဲ့ပေမယ့် အရောင်းအ၀ယ် ဖြစ်မလာခဲ့ပါဘူး။ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ပါးမားအသင်းဟာ ဥရောပပြိုင်ပွဲ ၀င်ရောက်ခွင့် ရခဲ့ပေမယ့် အခွန် ယူရို ၃ သိန်း မပေးနိုင်တာကြောင့် ၀င်ရောက်ကစားခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။ ကစားသမားနဲ့ ၀န်ထမ်းတွေကို လစာငွေ မပေးချေနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီကုန်နဲ့ အခုရာသီတွေမှာ အမှတ်လျှော့ချခံခဲ့ရပါတယ်။ အခုလည်း အသင်းကတင်နေတဲ့ အကြွေး ယူရို ၂၁၈ သန်းကို မပေးနိုင်တဲ့အတွက် အပျော်တန်းလိဂ်ကို ဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up