မြန်မာဘောလုံးအသင်းများကို ကျပ် သိန်း ၄၂၀၀ ကျော် ဂုဏ်ပြုပေးအပ်

မြန်မာ ယူ ၂၃ အသင်း
1.4K
မြန်မာဘောလုံးအသင်း ၃ သင်းအတွက် ပြည်တွင်းလုပ်ငန်းရှင်တွေက စုစုပေါင်း မြန်မာကျပ်ငွေ သိန်း ၄၂၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ချက်အရသိရပါ တယ်။
ဖီဖာယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာ ယူ ၂၀ အသင်း၊ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ရ မြန်မာ ယူ ၂၃ ဘောလုံးအသင်း၊ အာဆီယံချန်ပီယံရှစ် ဒုတိယဆုရ မြန်မာအမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းတွေကို ဂုဏ်ပြု ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျေးဇူးတင်မှတ်တမ်း ထုတ်ပြန်ချက်အရ အလှူငွေ မြန်မာကျပ်ငွေ သိန်း ၃၄၇၀ ကျော်၊ အမေရိကန်ဒေါ်လာ ၃ သောင်းနဲ့ စင်ကာပူဒေါ်လာ ၅ သောင်း စုစုပေါင်း ကျပ်သိန်း ၄၂၃၀ ကျော်ရှိပြီး အလှူရှင်တွေထဲမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအပြင် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုကလည်း ကျပ်သိန်း ၃၀၀ ထည့်ဝင် လှူဒါန်းထားပါတယ်။