တရုတ်နိုင်ငံရဲ့ အမျိုးသား အဆင့်မြင့်ပညာရေး ၀င်ခွင့်စာမေးပွဲကို လက် ၂ ဘက်မရှိတဲ့ မသန်စွမ်းက ခြေထောက်နဲ့ ဖြေဆို အောင်မြင်သွားပါတယ်။
ပန်ချိုရဲ့ ထူးခြားတဲ့ရလဒ်ဟာ တရုတ်လူမှုရေးကွန်ရက်မှာ မုန်တိုင်းတခုလို ရိုက်ခတ်သွားခဲ့တယ်လို့ တရုတ် စီစီတီဗွီသတင်းက ဇွန် ၂၃ ရက်မှာ ရေးပါတယ်။
ဒီနှစ်ဟာ ပန်ချို ဒုတိယအကြိမ် ၀င်ဖြေတာဖြစ်ပြီး စုစုပေါင်း ရမှတ် ၇၅၀ ပေးရာမှာ ၆၀၃ မှတ် ရရှိခဲ့သလို
[caption id="attachment_99202" align="alignright" width="320"]

ဓာတ်ပုံ - cctv[/caption]
ကိုယ်လက်အင်္ဂါသန်စွမ်းတဲ့ သာမန်ကျောင်းသားတဦးရဲ့ ရလဒ်ထက် ပိုမြင့်နေတယ်လို့ ဆိုပါတယ်။
အရင်နှစ်က မသန်စွမ်းတွေအတွက်ပေးတဲ့ အမှတ် ၅ မှတ် အပါအ၀င် ပန်ချိုက ၅၃၈ မှတ် ရရှိခဲ့ပေမယ့် သူစိတ်ကူးယဉ်တဲ့ တက္ကသိုလ်ဝင်ခွင့်မရလို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။
ပန်ချို အသက် ၆ နှစ်မှာ လျှပ်စစ်နဲ့ဆိုင်တဲ့ မတော်တဆမှုကြောင့် လက် ၂ ဘက်လုံးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ပန်ချိုဟာ ခြေထောက်ကို အသုံးပြုပြီး အစားစားတာ၊ အ၀တ်ဝတ်တာ၊ စာရေးတာတွေကို လေ့ကျင်ခဲ့ရတာ ဖြစ်ပါတယ်။
နှစ်စဉ် အထက်တန်းကျောင်းသားတွေ ယှဉ်ပြိုင်ဖြေဆိုတဲ့ ဒီစာမေးပွဲကို ဖြေဆိုအောင်မြင်မှ တရုတ်လူငယ်တွေရဲ့ ကောလိပ်ဆက်တက်ရေး အိပ်မက်က အကောင်ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။