အဆင့်မြင့် ပညာရေး ၀င်ခွင့်စာမေးပွဲ လက် ၂ ဘက်မရှိသည့် မသန်စွမ်း ဖြေဆိုအောင်မြင်

ဓာတ်ပုံ - cctv
တရုတ်နိုင်ငံရဲ့ အမျိုးသား အဆင့်မြင့်ပညာရေး ၀င်ခွင့်စာမေးပွဲကို လက် ၂ ဘက်မရှိတဲ့ မသန်စွမ်းက ခြေထောက်နဲ့ ဖြေဆို အောင်မြင်သွားပါတယ်။ ပန်ချိုရဲ့ ထူးခြားတဲ့ရလဒ်ဟာ တရုတ်လူမှုရေးကွန်ရက်မှာ မုန်တိုင်းတခုလို ရိုက်ခတ်သွားခဲ့တယ်လို့ တရုတ် စီစီတီဗွီသတင်းက ဇွန် ၂၃ ရက်မှာ ရေးပါတယ်။ ဒီနှစ်ဟာ ပန်ချို ဒုတိယအကြိမ် ၀င်ဖြေတာဖြစ်ပြီး စုစုပေါင်း ရမှတ် ၇၅၀ ပေးရာမှာ ၆၀၃ မှတ် ရရှိခဲ့သလို [caption id="attachment_99202" align="alignright" width="320"]ဓာတ်ပုံ - cctv ဓာတ်ပုံ - cctv[/caption] ကိုယ်လက်အင်္ဂါသန်စွမ်းတဲ့ သာမန်ကျောင်းသားတဦးရဲ့ ရလဒ်ထက် ပိုမြင့်နေတယ်လို့ ဆိုပါတယ်။ အရင်နှစ်က မသန်စွမ်းတွေအတွက်ပေးတဲ့ အမှတ် ၅ မှတ် အပါအ၀င် ပန်ချိုက ၅၃၈ မှတ် ရရှိခဲ့ပေမယ့် သူစိတ်ကူးယဉ်တဲ့ တက္ကသိုလ်ဝင်ခွင့်မရလို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ ပန်ချို အသက် ၆ နှစ်မှာ လျှပ်စစ်နဲ့ဆိုင်တဲ့ မတော်တဆမှုကြောင့် လက် ၂ ဘက်လုံးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ပန်ချိုဟာ ခြေထောက်ကို အသုံးပြုပြီး အစားစားတာ၊ အ၀တ်ဝတ်တာ၊ စာရေးတာတွေကို လေ့ကျင်ခဲ့ရတာ ဖြစ်ပါတယ်။ နှစ်စဉ် အထက်တန်းကျောင်းသားတွေ ယှဉ်ပြိုင်ဖြေဆိုတဲ့ ဒီစာမေးပွဲကို ဖြေဆိုအောင်မြင်မှ တရုတ်လူငယ်တွေရဲ့ ကောလိပ်ဆက်တက်ရေး အိပ်မက်က အကောင်ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up