ကြွက်သားနှင့် အာရုံကြောများကို ဆိုးဆိုးဝါးဝါး ထိခိုက်စေသည့် စကင်နီ ဂျင်းဘောင်းဘီကျပ်

4.3K
ကျပ်တည်းတဲ့ စကင်နီ ဂျင်းဘောင်းဘီတွေဟာ ကြွက်သားနဲ့ အာရုံကြောတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်လို့ ဆရာဝန်တွေက ပြောဆိုလိုက်ပါတယ်။
စကင်နီဂျင်းဘောင်းဘီကျပ်တွေကို ၀တ်တဲ့အတွက် ပေါင်တွေ ထုံထိုင်းသွားတဲ့ ခံစားမှု ဖြစ်စေတယ်လို့ ဆေးပညာဆိုင်ရာ မှတ်တမ်းတွေက ပြဆိုနေတယ်ဆိုပြီး ပြောပါတယ်။
အာရုံကြော စိတ်ရောဂါ ကုသမှုနဲ့ဆိုင်တဲ့ ဆေးပညာဂျာနယ်မှာလည်း စကင်နီ ဂျင်းကျပ်ကို ၀တ်ဆင်တဲ့ အသက် ၃၅ နှစ် အမျိုးသမီးတဦးကို ဥပမာပေး ရေးသားထားပါတယ်။
နာရီပေါင်းများစွာ စကင်နီ ဂျင်းဘောင်းဘီကျပ်ကို ၀တ်ဆင်ခဲ့တဲ့ ဒီအမျိုးသမီးရဲ့ ခြေထောက်တွေဟာ ဘာအာရုံမှ ခံစားလို့ မရသလို လမ်းလျှောက်ရာမှာလည်း ခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေကြောင့် အမျိုးသမီးဟာ မထနိုင်ဘဲ အချိန်အတော်ကြာအောင် လဲလျောင်းနေရတယ်လို့ ဆိုပါတယ်။
ဆေးရုံတခုကတော့ သူ့ရဲ့ ခြေထောက်အောက်ပိုင်းဟာ ဆိုးဆိုးဝါးဝါး ယောင်ယမ်းနေတယ်လို့ ဆိုပါတယ်။
ခြေထောက်တွေက လုံလောက်တဲ့ သွေးလှည့်ပတ်မှုကြောင့် နွေးနေပေမယ့် ကြွက်သားတွေက အားနည်းပြီး တချို့ အထိအတွေ့ကို မခံစားနိုင်ဘူးလို့ ဆိုပါတယ်။
ခြေထောက်ကြွက်သားနဲ့ အာရုံကြောတွေက ဖိအားတွေကြောင့် ပျက်စီးလာနေတယ်လို့ ဆိုပါတယ်။
သူ့ကို သေချာကုသခဲ့ပြီး ၄ ရက်အကြာမှာ လမ်းပြန်လျှောက်လာနိုင်တယ်လို့ သတင်းက ရေးပါတယ်။
ဆရာဝန်တွေက ဒီဖြစ်ရပ်ဟာ စကင်နီဂျင်းဘောင်းဘီ အကျပ်ကြောင့် ကြွက်သားတွေ အတွင်းပိုင်းမှာ သွေးယို ယောင်ယမ်းစေတဲ့အထိ ဆိုးဝါးသွားနိုင်တဲ့ ရောဂါလက္ခဏာတမျိုး ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။