Home
မြန်မာသတင်း
ကျောင်သားနှင့် ၀န်းရံပြည်သူ ၆ ဦးအတွက် သာယာဝတီခရိုင်တရားရုံးတွင် အာမခံဆက်တင်
နော်နိုရင်း
·
June 23, 2015
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၆ ဦးအတွက် ဒီကနေ့ သာယာဝတီ ခရိုင်တရားရုံးမှာ အာမခံ လျှောက်ပါတယ်။ လက်ရှိရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးတင်ဝင်းနဲ့ ဦးခင်လှိုင် အပါအ၀င် ၀န်းရံပြည်သူတွေဖြစ်တဲ့ ဒေါ်အေးသန်း၊ ဦးကြည်မင်းနဲ့ ၆ ဦးအတွက် ဒီနေ့ အာမခံတင်တာလို့ တရားလွှတ်တော် ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။ ဒီကနေ့ အာမခံလျှောက်တဲ့ သူတွေဟာ မြို့နယ်တရားရုံးမှာ အာမခံပယ်ချခံရတဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင်ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ကျောင်းသားနဲ့ ၀န်းရံပြည်သူ အာမခံလျှောက်သူ ၈ ဦးအတွက် အာမခံလျှောက်ထားပြီး ဒီကနေ့ လျေက်လဲချက်ပေးဖို့ ချိန်းဆိုပေမယ့် လျောက်လဲချက်မပေးရဘဲ လာမယ့်အပတ် ဇွန်လ ၃၀ ရက်နေ့မှ ကြားနာဖို့ ချိန်းဆိုတယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။ “ဒီကနေ့က လျှောက်လဲချက် ပေးခွင့်မပြုဘူး။ ကျနော်က ပေးဖို့အဆင်သင့်ပဲ။ ပေးခွင့်မပြုတာ။ နောက်တင်တဲ့ ၆ ယောက်အတွက်က ဒီကနေ့မှာ ဖော်ပြရက်ချိန်း ချိန်းတာကို။ အမှုက တမှုတည်းက ပေါက်ဖွားလာတာဖြစ်တဲ့အတွက်ကြောင့် ခရိုင်ဥပဒေ၀န်ထမ်း ဦးဌေးအောင် ကနေပြီးတော့ တရားသူကြီးကို တင်ပြပါတယ်။ တရားသူကြီး ၅ မှုစလုံးကို တပြိုင်နက် ကြားနာပါမယ်ဆိုပြီးတော့ ၃၀ ရက်နေ့ကို ကြားနာဖို့ ပြန်ချိန်းလိုက်ပါတယ်။” လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ခရိုင်တရားရုံးမှာ အာမခံလျှောက်သူအတွက် ကြားနာဖို့ရှိသလို မြို့နယ်တရားရုံးမှာလည်း ကျောင်းသားတွေကို ရုံးထုတ်စစ်ဆေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။ လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင် နေရပါတယ်။ သာယာဝတီထောင်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024