အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်အသင်း ပထမဆုံးအကြိမ် ကွာတားတက်

ဓာတ်ပုံ - ဖီဖာ
ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပြိုင်ပွဲတွေကို ဇွန် ၂၃ ရက်က ဆက်လက်ကျင်းပရာ အင်္ဂလန်က နော်ဝေကို ၂-၁ ဂိုး၊ အမေရိကန်က ကိုလံဘီယာကို ၂-၀ ဂိုးတို့နဲ့ အသီးသီးနိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ အိမ်ရှင် ကနေဒါနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တခြား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ အမေရိကန်နဲ့ တရုတ်၊ ဂျာမနီနဲ့ ပြင်သစ်တို့ ကစားရမှာ ဖြစ်ပါတယ်။ ရှုံးထွက်အဆင့် နောက်ဆုံးပွဲဖြစ်တဲ့ ဂျပန်နဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်ကိုတော့ ဇွန်လ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအနိုင်ရရှိတဲ့ အသင်းကတော့ သြစတြေးလျနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up