A d v e r t i s e m e n t With Us

အမေရိကန်သံရုံးတိုက်ခိုက်မှုဖြင့် အလိုရှိနေသည့် အိုင်အက်စ်တဦး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ အမေရိကန်လေကြောင်းတိုက်ခိုက်မှု တရပ်အတွင်း လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့က အမေရိကန်သံရုံး တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အိုင်အက်စ် စစ်သွေးကြွ အလီ အော်နီ အယ်လ်ဟာဇီ သေဆုံးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ဇွန် ၂၂ ရက်နေ့က ပြောပါတယ်။ ဇွန် ၁၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ အဲဒီစစ်သွေးကြွဟာ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ်စတိုဖာ စတီဗင် နဲ့ တခြားအမေရိကန် ၃ ယောက် သေဆုံးခဲ့ရတဲ့ ဘန်ဂါဇီ တိုက်ခိုက်မှုအတွက် လိုချင်နေတဲ့လူလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up