စစ်ရာဇ၀တ်မှုဖြင့် အလိုရှိနေသည့် ရ၀မ်ဒါထောက်လှမ်းရေးအကြီးအကဲကို ဖမ်းဆီး

926
စပိန်နိုင်ငံရဲ့ တောင်းခံမှုအရ စစ်ရာဇဝတ်မှုနဲ့ အလိုရှိနေတဲ့ ရဝမ်ဒါ ထောက်လှမ်းရေး အကြီးအကဲ ကာရန်ဇီ ခါရဒ်ကို ဖမ်းဆီးခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်နေ့မှာ ပြောပါတယ်။
အာဖရိကတိုက် ရဝမ်ဒါနိုင်ငံက အမျိုးသားထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာန ညွှန်ချုပ် ခါရဒ်ကို လန်ဒန် ဟိသရိုးလေဆိပ်မှာ ဇွန် ၂၀ ရက်က ဖမ်းခဲ့တာပါ။
ဇွန် ၂၅ ရက်နေ့မှာ သူ့ကို ရုံးထုတ်စစ်ဆေးဖို့ ရမန်ယူ ထိန်းသိမ်းထားပါတယ်။
၂၀၀၈ ခုနှစ်က စပိန်အဆင့်မြင့် တရားရုံး တရားသူကြီး ဖာနန်ဒို အန်ဒရူးက ခါရဒ်အပါအဝင် ရဝမ်ဒါ စစ်ဘက်နဲ့ ရဲဘက်ခေါင်းဆောင် အယောက် ၄၀ ကို ၁၉၉၄ လူမျိုးတုံး သတ်ဖြတ်မှုအပြီး လက်တုံ့ပြန် သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
တရားသူကြီးက အရာရှိတွေကို စပိန်နိုင်ငံသားတွေ အပါအဝင် ထောင်သောင်းချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့အတွက် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် စွဲချက်တင်ခဲ့ပါတယ်။