ယူ ၂၀ ကမ္ဘာ့ဖလားချန်ပီယံ ဆားဘီးယား အောင်ပွဲခံ အခမ်းအနား ပရိသတ် သောင်းချီတက်

ဓာတ်ပုံ - ဖီဖာ
763
ယူ ၂၀ ကမ္ဘာ့ဖလားချန်ပီယံ ဆားဘီးယားအသင်းရဲ့ အောင်ပွဲခံ အခမ်းအနားကို ဘဲလ်ဂရိတ်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ဆားဘီးယားအသင်းဟာ ယူ ၂၀ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး ဘရာဇီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။
ယူ ၂၀ ကမ္ဘာ့ဖလားနဲ့ အောင်ပွဲခံတဲ့ အခမ်းအနားကို ဆားဘီးယား ပရိသတ်တွေ သောင်းနဲ့ချီပြီး တက်ရောက် အားပေးခဲ့ပါတယ်။
ဆားဘီးယားဟာ ကွာတားဖိုင်နယ်မှာ အမေရိကန်၊ ဆီမီးဖိုင်နယ်မှာ မာလီအသင်းတို့ကို ဖြတ်ကျော်လာတာပါ။
ယူ ၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင် ဂိုးသမား ရပ်ခ်ျကိုဗစ်က ရရှိထားပါတယ်။
ဆားဘီးယားအသင်းဟာ ပြိုင်ပွဲမတိုင်ခင်က မြန်မာယူ ၂၀ အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဆားဘီးယားသမ္မတ နီကိုလစ်ကလည်း ချန်ပီယံဆု ရယူပေးတဲ့ ကစားသမားတွေနဲ့ တသင်းလုံးကို ဂုဏ်ပြု စကား ပြောဆိုထားပါတယ်။