A d v e r t i s e m e n t With Us

သေဒဏ်ချခံထားရသည့် ပြင်သစ်နိုင်ငံသား၏ အယူခံ အင်ဒိုနီးရှားတရားရုံး ပယ်ချ

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ချခံထားရတဲ့ ပြင်သစ်နိုင်ငံသားရဲ့ နောက်ဆုံးအယူခံကို အင်ဒိုနီးရှားတရားရုံးက ဇွန် ၂၂ ရက်နေ့က ပယ်ချလိုက်ပါတယ်။ ဧပြီ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးမှုနဲ့ ကွပ်မျက်ခံရမယ့် နိုင်ငံခြားသားတွေနဲ့ တသုတ်တည်း ကွပ်မျက်ခံရမှာ ဖြစ်ပေမယ့် သူ့ရဲ့အယူခံမှုကို တရားရုံးက လက်ခံခဲ့တာကြောင့် နောက်ဆုံးအချိန်မှာ တယောက်တည်း ကျန်ခဲ့တာပါ။ အခုတော့ သူ့ရဲ့အယူခံဟာ ပယ်ချခံရပြီး ဒါဟာ နောက်ဆုံးအယူခံလည်း ဖြစ်တယ်လို့ အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးက ဆိုပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ အခုလို တရားရုံးက သူ့ရဲ့အယူခံကို ပယ်ချခဲ့ပေမယ့် တခြားဥပဒေနည်းလမ်းနဲ့ ကြိုးစားဦးမယ်လို့ ပြောဆိုပါတယ်။ သူ့ကို ကွပ်မျက်မယ့်ရက်ကို အတိအကျထုတ်ပြန်ခြင်း မရှိသေးပေမယ့် ရာမဒန်ဥပုသ်လမှာတော့ မကွပ်မျက်ဘူးလို့ ရှေ့နေချုပ်ရုံး ပြောခွင့်ရက ဆိုပါတယ်။ အသက် ၅၁ နှစ်အရွယ် ဆာ့ဂီအ် အက်လွန်အူအ် (Serge Atlaoui) ဟာ ၂၀၀၅ ခုနှစ်က မူးယစ်ဆေးဝါး စက်ရုံတခုကို ရဲက ၀င်ရောက်စီးနင်းမှုမှာ ဖမ်းဆီးခံရတာပါ။ သူကတော့ ဓာတုဆေးစက်ရုံမှာ အလုပ်လုပ်နေတာလို့ ထင်ခဲ့ပြီး သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားတာပါ။ သူ့ကို ကွပ်မျက်ရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မယ်လို့ ပြင်သစ်သမ္မတ ဟော်လန်ဒီက ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံကို သတိပေးထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မူးယစ်ဆေးဝါးဥပဒေ တင်းကျပ်တဲ့ နိုင်ငံတခုဖြစ်ပြီး သေဒဏ်ကို ၅ နှစ်ကြာ ရပ်ဆိုင်းပြီး၂၀၁၃ ခုနှစ်မှာ ပြန်လည်ပြဋ္ဌာန်းခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သမ္မတ ဂျိုကိုဝီ အာဏာရလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးမှုနဲ့ တရားခံ ၁၄ ယောက်ကို ကွပ်မျက်ခဲ့ပြီး အများစုက နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up