အက်သလက်တီကို တိုက်စစ်မှူး မန်ဇူကစ်ကို ဂျူဗင်တပ် ခေါ်ယူ

1.4K
စပိန် အက်သလက်တီကို မက်ဒရစ်အသင်း တိုက်စစ်မှူး မာရီယို မန်ဇူကစ်ကို အီတလီကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူလိုက်ပါတယ်။
ခရိုအေးရှား တိုက်စစ်မှူး မန်ဇူကစ်ကို ဂျူဗင်တပ်က ပေါင် ၁၃ သန်းကျော်ပေးပြီး ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။
အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီကမှ ဘိုင်ယန်မြူးနစ်ကနေ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်ကို ရောက်ရှိလာတာပါ။
သူဟာ အက်သလက်တီကို အသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ ၄၃ ပွဲ ကစားပေးထားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။
ဂျူဗင်တပ်အသင်းကို သဘောကျပြီး အဲဒီမှာ ပျော်ရွှင်ဖို့ မျှော်လင့်ကြောင်း မန်ဇူကစ်က ပြောပါတယ်။
တိုက်စစ်မှူး မန်ဇူကစ်ရဲ့ အသင်းသစ် ဂျူဗင်တပ်ဟာ အီတလီ စီးရီးအေမှာ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ချန်ပီယံဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။