ချယ်လ်ဆီးဂိုးသမား ပီတာချက်ကို အာဆင်နယ်ခေါ်ယူရန် နီးစပ်

863
အာဆင်နယ်အသင်းက ချယ်လ်ဆီးဂိုးသမား ပီတာ ချက်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။
အသက် ၃၃ နှစ်အရွယ် ဂိုးသမား ပီတာချက်ရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှု တိုးတက်နေတယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။
ချက်လက်ရွေးစင် ဂိုးသမား ပီတာချက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ၁၁ ပွဲပဲ ကစားခွင့် ရထားပါတယ်။
သူဟာ ချယ်လ်ဆီးမှာ ကစားနေတဲ့ ၁၁ နှစ် ကာလအတွင်း ပွဲပေါင်း ၃၀၀ ပါဝင်ကစားခွင့် ရထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ် ရဖူးထားပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးက ပီတာ ချက်ရဲ့ နေရာမှာ အသက် ၂၃ နှစ်အရွယ် ဘယ်ဂျီယံ ဂိုးသမား ကော်တ၀ါကို ဦးစားပေး ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။
ပီတာချက်ဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်နေပေမယ့် ပုံမှန်ကစားခွင့် မရလို့ အသင်းပြောင်းတာ ဖြစ်ပါတယ်။
သူဟာ ချယ်လ်ဆီးအသင်းကို ၂၀၀၄ ခုနှစ်မှာ ပြင်သစ်ကလပ် ရီနန့်စ်အသင်းကနေ ရောက်ရှိလာတာပါ။