တရုတ်တွင် ခွေးသားဟင်း ပျော်ပွဲစားပွဲတော် ကျင်းပချိန် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
1.4K
တရုတ်နိုင်ငံမှာ ခွေးသားဟင်း ပျော်ပွဲစားပွဲတော် ကျင်းပချိန် တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြနေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က နိုင်ငံတောင်ပိုင်း ယူလင်းမြို့ အစိုးရရုံးတွေရှေ့မှာ တိရစ္ဆာန်ချစ်သူ ၂၅ ယောက်လောက် စုရုံး ဆန္ဒပြကြပါတယ်။
သိပ်မကြာခင်မှာပဲ ဆန္ဒပြနေသူတွေ လက်ထဲက နဖူးစည်းစာတမ်းကို အမည်မသိ လူတစုက အတင်း လုယူသွားခဲ့ပါတယ်။
တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ မက်ဂီ ချန် (Maggie Chen) က သူတို့ကို အနှောင့်အယှက်ပေးသူတွေဟာ အစိုးရအလိုတော်ရိတွေ ဖြစ်မယ်လို့ ပြောပါတယ်။
ယူလင်းမြို့မှာ နှစ်စဉ်ကျင်းပတဲ့ ခွေးသားဟင်း ပျော်ပွဲစားပွဲတော် အချိန်တိုင်းမှာ ထောင်နဲ့ချီတဲ့ ခွေးတွေဟာ စဉ်းတီတုံးပေါ်မှာ ဘ၀ဆုံးကြရပါတယ်။
တရုတ်ပြည်တောင်ပိုင်းမှာ ခွေးသားဟင်း ပျော်ပွဲစားပွဲတော်ဟာ နွေရာသီ အပူဆုံးအချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။
ခွေးသားနဲ့ နှင်းသီးကို တွဲစားတာဟာ အပူစွမ်းအင်ကို ရတယ်လို့ နယ်ခံတွေက ယုံကြည်ထားကြပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်း နှစ်တွေအတွင်း တရုတ်ပြည်မှာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားမှုတွေလည်း ရှိလာတာကြောင့် ယူလင်းမြို့က ခွေးချစ်သူတွေနဲ့ ခွေးသားစားသူတွေ ထိပ်တိုက်တွေ့မှုဟာ တနှစ်တခါ စစ်မြေပြင်တခုလို ဖြစ်လာပါတယ်။