A d v e r t i s e m e n t With Us

ပွဲပယ်ခံထားရသည့် နေမာအတွက် ဘရာဇီးဘောလုံးအဖွဲ့ချုပ် အယူခံမ၀င်

ကိုပါဖလား ပြိုင်ပွဲမှာ ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး နေမာအတွက် ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က အယူခံဝင်ဖို့ ငြင်းပယ်လိုက်ပါတယ်။ အယူခံ မ၀င်တာကြောင့် ၄ ပွဲပယ်ပြစ်ဒဏ် ကျခံထားရတဲ့ တိုက်စစ်မှူး နေမာဟာ ဘရာဇီးအသင်း ကစားဖို့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ တဘက် ကစားသမားကို ဘောလုံးနဲ့ ကန်ခဲ့လို့ အနီကတ်နဲ့ အထုတ်ခံရပြီး ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ အယူခံ မ၀င်တဲ့အတွက် နေမာအနေနဲ့ ဘရာဇီး ဘောလုံးအသင်း ရှိတဲ့နေရာက စွန့်ခွာပြီး အိမ်ပြန်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up