A d v e r t i s e m e n t With Us

ထောင်ဖောက်ပြေး ၂ ဦး တွေ့ရှိသည်ဟု သတင်းရ၍ နယူးယောက်ရဲတပ်ဖွဲ့ ပိုက်စိပ်တိုက်ရှာ

ဓာတ်ပုံ - ရိုက်တာ
ဇွန်လ ၆ ရက်နေ့က လုံခြုံရေး အထူးတင်းကျပ်တဲ့ နယူးယောက်ပြည်နယ် အကျဉ်းထောင်တခုကနေ ထောင်ဖောက်ပြေး လွတ်မြောက်နေသူ ၂ ဦးကို တွေ့ရှိတယ်လို့ဆိုတဲ့ နယူးယောက်နဲ့ ပင်ဆယ်ဗေးနီးယားနယ်စပ် ရထားလမ်းမှာ အမေရိကန်ရဲတပ်ဖွဲ့ဝင်တွေ ပိုက်စိပ်တိုက် ရှာဖွေနေကြပါတယ်။ ဇွန် ၂၀ ရက်၊ စနေနေ့က သူတို့ ၂ ဦးကို ပြည်နယ် နယ်စပ်က ဖရန်းဒ်ရှစ်ပ် (Friendship) ကျေးရွာအနီး ရထားလမ်းမှာ [caption id="attachment_99081" align="alignright" width="450"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] လမ်းလျှောက်နေတာကို တွေ့ခဲ့တယ်လို့ မျက်မြင်တဦးက ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားတယ်လို့ နယူးယောက်ပြည်နယ် ရဲမှူးက သတင်းထောက်တွေကို ပြောပါတယ်။ “အဲ့ဒီနေရာနဲ့ ပတ်ဝန်းကျင်မှာ လုံးဝရှင်းလင်းသွားတဲ့အထိ ပိုက်စိပ်တိုက် ရှာဖွေမှာပါ။ အဲ့ဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း သတိရှိကြဖို့ သတိပေးထားပါတယ်။ မသင်္ကာစရာတွေ့ရင်လည်း ရဲတပ်ဖွဲ့ကို ချက်ချင်းဖုန်းဆက် အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။” လောလောဆယ် အဲ့ဒီ ဖရန်းဒ်ရှစ်ပ်ကျေးရွာနဲ့ ပတ်ဝန်းကျင်မှာ ရဲလုံခြုံရေး ၃၀၀ နီးပါးနဲ့ ရှာဖွေနေတယ်လို့လည်း ပြည်နယ်ရဲမှူးက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ ရစ်ချက်မတ်နဲ့ ဒေးဗစ်ဆွပ်တို့ ၂ ဦးဟာ လူသတ်မှုတွေနဲ့ ထောင်ဒဏ်တသက်တကျွန်း၊ ထောင်ဒဏ်နှစ်ရှည်တွေ ကျခံနေရသူတွေပါ။ လုပ်ငန်းသုံးစက်ကိရိယာတွေနဲ့ ထောင်နံရံ၊ သံပိုက်တွေကိုဖြတ်ပြီး ရေဆိုးစွန့်မြောင်းပေါက်ကနေတဆင့် အမြင့်ပေ ၄၀ ရှိတဲ့ ထောင်တံတိုင်းကို ဖောက်ပြေး လွတ်မြောက်သွားကြတာပါ။ သူတို့ကို ကူညီပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အသက် ၅၁ နှစ်အရွယ် ထောင်တွင်း သင်တန်းနည်းပြ အမျိုးသမီးတဦးကိုလည်း ရုံးတင်စစ်ဆေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up