ဗြိတိန် နွေရာသီအ၀င်နေ့ နံနက်နေရောင်ခြည် ကြည့်သူများဖြင့် စည်ကား (ရုပ်သံ)

906
ဇွန်လ ၂၁ ရက်နေ့ တနင်္ဂနွေနေ့ဟာ ဗြိတိန်နိုင်ငံမှာ အခုနှစ်နွေရာသီရဲ့ ပထမဆုံးနေ့၊ နွေရာသီ အ၀င်နေ့ ဖြစ်တာကြောင့် သမိုင်းမတိုင်မီကရှိခဲ့တဲ့ Stonehenge ကျောက်တိုင်မှာ နံနက်နေရောင်ခြည်ကို ကြည့်မယ့်လူတွေနဲ့ စည်ကားခဲ့ပါတယ်။
အခုနှစ်မှာ လာရောက်သူ ၂၃၀၀၀ လောက်ရှိမယ်လို့ ရဲအာဏာပိုင်တွေက ပြောပါတယ်။
မနက်စောစောမှာ ဗြိတိန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Stonehenge ကျောက်တိုင်မှာ ပျော်ရွှင်မြူးထူးသူတွေ၊ ခရီးသွားတွေနဲ့ စည်ကားပါတယ်။
ဗြိတိန်ဆဲလ်တစ် အယူအဆအရတော့ ဒီ Stonehenge ကျောက်တိုင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ ထောင်ကျော်ကတည်းက နတ်ယုံကြည်ကိုးကွယ်သူတွေရဲ့ အလေးအမြတ်ထားရာနေရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။