အာဖဂန်နစ္စတန် လွှတ်တော်အဆောက်အအုံကို တာလီဘန်များ ၀င်ရောက်တိုက်ခိုက် (ရုပ်သံ)

946
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ရှိတဲ့ လွှတ်တော် အဆောက်အဦကို တာလီဘန်တွေက ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ တိုက်ခိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်နေတာကို ရုပ်မြင်သံကြားလိုင်းတွေက တိုက်ရိုက်ပြသနေပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေအပါအ၀င် လွှတ်တော်အမတ်တွေ ထွက်ပြေးနေတဲ့ ပုံတွေကို ရုပ်မြင်သံကြား လိုင်းတွေမှာ ပြသပါတယ်။ တာလီဘန်အဖွဲကလည်း သူတို့ လက်ချက်လို့ ကြေညာပါတယ်၊ လူဦးရေ ၃ သန်းခွဲရှိတဲ့ ကဘူးလ်မြို့တော်မှာ ကျန်ခဲ့တဲ့ ၂ လအတွင်းမှာ တိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်နေတာပါ။
ကာကွယ်ရေးဝန်ကြီးသစ်ကို လွှတ်တော်မှာ မိတ်ဆက်နေချိန်မှာ တိုက်ခိုက်မှုဖြစ်တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အာဖဂန်အစိုးရရဲ့ လုံခြုံရေးအဖွဲ့နဲ့ တာလီဘန် လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လောလောဆယ်မှာ အသေအပျောက် အခြေအနေကို မသိနိုင်သေးပါဘူး။