A d v e r t i s e m e n t With Us

ဒဂုံစီးတီး အိမ်ရာစီမံကိန်း ရပ်ဆိုင်းပေးမည်ဟု ကြေညာချက်ထုတ်

ရွှေတိဂုံစေတီတော် အနီးမှာ တည်ဆောက်နေတဲ့ ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ပြောကြောင်း ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့နဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့ ရန်ကုန်မြို့ အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ဇွန်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ နယ်လုံဝန်ကြီးတို့က ဒဂုံစီးတီး စီမံကိန်းကို လုံးဝ ဖျက်သိမ်းမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ စာရွက်စာတမ်း အဆင့်ဆင့် တင်ပြဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ အဲဒီအတွက် တာဝန်ယူ လျှောက်ထားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒဂုံစီးတီး စီမံကိန်းကို သမ္မတဆီကနေ ဖျက်သိမ်းကြောင်း သက်သေခံ ကြေညာချက် ထုတ်ပြန်ပေးခြင်း မရှိသေးသမျှ စောင့်ကြည့်ကာလအဖြစ် ၁၅ ရက် စောင့်ဆိုင်းဖို့နဲ့  အဲဒီကာလတွေအတွင်း စီမံကိန်းနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးဖို့ သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up