နေမာ ပွဲပယ်ခံရသည့်အတွက် ၀မ်းနည်းကြောင်း မက်ဆီပြော

1.5K
ပွဲပယ်ခံရတဲ့အတွက် ကိုပါအမေရိကားဖလား ဘောလုံးပြိုင်ပွဲရဲ့ လက်ကျန်ပွဲတွေမှာ ဘရာဇီးတိုက်စစ်မှူး နေမာ ပါဝင်ခွင့် မရတဲ့အပေါ် ၀မ်းနည်းကြောင်း အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောပါတယ်။
တိုက်စစ်မှူး နေမာဟာ ကိုလံဘီယာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ တဘက်ကစားသမားနဲ့ ပြဿနာဖြစ်ပြီး ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့ အဲဒီကိစ္စအတွက် အယူခံဝင်ဖို့ စဉ်းစားနေပါတယ်။
ကိုပါဖလားပွဲမှာ နေမာကို မတွေ့ရတဲ့အတွက် ၀မ်းနည်းပါတယ်လို့ ဘာစီလိုနာ အသင်းဖော် မက်ဆီက ပြောပါတယ်။
ဘရာဇီးနည်းပြ ဒွန်ဂါကတော့ ဥပဒေအရ ကျွမ်းကျင်သူတွေက နေမာအပေါ် အရေးယူမှုကို တုံ့ပြန် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
၎ ပွဲပယ် ပြစ်ဒဏ်အရ နေမာဟာ ဘရာဇီးအသင်း ဗိုလ်လုပွဲ ရောက်ခဲ့ရင်တောင် ပါဝင် ကစားခွင့်ရမှာ မဟုတ်ပါဘူး။