ကွင်းကလပ်ဖလား ဗိုလ်လုပွဲတွင် အင်ဒီမာရေး အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
920
ဇွန် ၂၁ ရက်နေ့က လန်ဒန်မှာ ယှဉ်ပြိုင်သွားတဲ့ ကွင်းကလပ် (Queen Club) ဖလား ဗိုလ်လုပွဲမှာ အင်ဒီ မာရေးက ကီဗင် အန်ဒါဆန်ကို အနိုင်ရသွားပါတယ်။
ဒီပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် ဒီလကုန်မှာ စတင်မယ့် ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ တောင်အာဖရိကနိုင်ငံသား အန်ဒါဆန်ရဲ့ ပြင်းထန်တဲ့ စပေးဘောတွေကို မာရေးက အိမ်ကွင်း ပရိသတ်တွေရှေ့မှာ အကောင်းဆုံး လက်စွမ်းပြ တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။
ပထမပွဲကို ကမ္ဘာ့အဆင့် ၃ မာရေးက ၆ - ၃ နဲ့ အနိုင်ရသွားပါတယ်။
ဒုတိယပွဲမှာလည်း မာရေးက စပေးဘောနဲ့ ထောင့်ဖြတ်ရိုက်ချက်တွေက အမှတ်သယ်ပြီး ၆ - ၄ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။
ကွင်းကလပ် ချန်ပီယံဆုဟာ မာရေးအတွက် ၄ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။