Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်သည့် ဥပဒေကြမ်း ၇ ခု ယနေ့ တင်သွင်းမည်
ပိုင်စိုး
·
June 22, 2015
ဒီနေ့ ဇွန် ၂၂ ရက်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ အပါအ၀င် ဥပဒေ ၇ ခုကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ တင်သွင်းမှာပါ။ ဒီဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြီးရင် အရေးပါဆုံး ဥပဒေတွေလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီက တင်သွင်းမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊  ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေနဲ့ နေပြည်တော်ကောင်စီဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ တင်သွင်းမှာ ဖြစ်ပါတယ်။ ပြီးတော့ တတိယအကြိမ် ပြင်ဆင်တဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေတွေကိုလည်း တင်သွင်းမှာပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းမှာ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်နဲ့ ပေးပို့လာတဲ့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကိုလည်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၂၉၀ လောက် လက်မှတ်ထိုး ထောက်ခံထားတဲ့စာတမ်းကို ဇွန် ၁၀ နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတာနဲ့ပတ်သက်ပြီး မနက်ဖြန် ဇွန်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဆွေးနွေးဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024