ရွှေ့ပြောင်းအလုပ်သမားများအတွက် Migrant Resource Center ဖွင့်လှစ်

763
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန နဲ့ International Organization for Migration (IOM) တို့ပူးပေါင်းပြီး ရန်ကုန်တိုင်ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးရုံးမှာ Migrant Resource Center တခုကို ဇွန်လ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
အခုဖွင့်လှစ်တဲ့ Migrant Resource Center ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရဖို့နဲ့ တရားမ၀င်လူကုန်ကူးမှုပပျောက်ရေးအတွက် အလုပ်သမားတွေကို အသိပညာပေးဆွေးနွေးပေးမယ့် Center တခုဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အမှာစကားပြောကြားခဲ့ပါတယ်။
