A d v e r t i s e m e n t With Us

အမေရိကန်တွင် ရေလွှာလှိုင်းစီးဘုတ်ပေါ် လူ ၆၀ ကျော်တက်စီးပြီး ဂင်းနက်စ်စံချိန်တင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ကမ်းခြေတခုမှာ ရေလွှာလှိုင်းစီးဘုတ်တခုပေါ် လူ ၆၀ ကျော် တက်စီးပြီး တချိန်တည်းနဲ့ ရေလွှာလှိုင်းစီးဘုတ်ပေါ် လိုက်ပါသူအများဆုံး ကမ္ဘာ့မှတ်တမ်းသစ် ၀င်သွားပါတယ်။ ၄၂ ပေအရှည် ရေလွှာလှိုင်းစီးဘုတ်အပေါ်မှာ လူအားလုံး ၆၆ ဦး တက်စီးခဲ့ကြတာပါ။ ၁၀ စက္ကန့်စီးနိုင်ရင် ဂင်းနက်စ် (Guinness) ကမ္ဘာ့မှတ်တမ်းစာအုပ်ဝင်မှာဖြစ်ပြီး အခုတော့ ၁၀ စက္ကန့်မက လိုက်ပါစီးနင်းခဲ့ကြတယ်လို့ အန်ဘီစီရုပ်သံသတင်းဌာနက ဖော်ပြပါတယ်။ လော့စ်အိန်ဂျလိစ်မြို့တောင်ဘက်က ဟန်တင်တန် (Huntington) ကမ်းခြေမှာ အခုလို စီးနင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up