A d v e r t i s e m e n t With Us

သြစတြီးယားတွင် လူတဦး ကားနှင့် လူအုပ်ထဲဝင်တိုက်၊ ၃ ဦးသေ (ရုပ်သံ)

သြစတြီးယားနိုင်ငံရဲ့ ဒုတိယမြို့တော် ဂရက်ဇ် (Graz) မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က လူတဦး ကားတစီးနဲ့ လူအုပ်ထဲကို တရကြမ်းဝင်တိုက်လို့ ၃ ဦး သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ ကားမောင်းသူဟာ အသက် ၂၆ နှစ်အရွယ် ဘော့စနီးယန်း လူငယ်တဦးဖြစ်ပြီး စိတ်သိပ်မမှန်ဘူးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒီလူအုပ်ထဲ ကားနဲ့ဝင်တိုက်မှုဟာ အကြမ်းဖက်မှုတော့ မဟုတ်ဘူးလို့ ဒေသခံ ရဲအာဏာပိုင်တွေကလည်း ပြောဆိုပါတယ်။ ကားမောင်းသူကို ဖမ်းဆီးထားပြီး အခင်းဖြစ်ပွားခဲ့တဲ့ ဂရက်ဇ်မြို့လယ်ရင်ပြင်ကို ရဲတပ်ဖွဲ့ဝင် အယောက် ၆၀၊ လူနာတင်ယာဉ် အစီး ၈၀ နဲ့ ရဟတ်ယာဉ် ၄ စီး စေလွှတ်ခဲ့ရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၃ ဦးဟာ ကလေးတွေ ဖြစ်ပါတယ်။ မြို့လယ်ရင်ပြင်မှာ သြစတြီးယားဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အခမ်းအနားကို ပြုလုပ်နေချိန်လည်း ဖြစ်ပါတယ်။ ကားအရှိန်နှုန်း ကီလိုမီတာ ၁၀၀ နဲ့ လူအုပ်ထဲကို ၀င်တိုက်ခဲ့တာဟာ အတော်ကို ဆိုးဝါးလွန်းပြီး လူတွေလည်း အတော့်ကို ထိတ်လန့်ခဲ့ကြတယ်လို့ မျက်မြင်တဦးက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up