မန်ယူတိုက်စစ်မှူး ဗန်ပါစီကို ဖီနာဘာချီအသင်း ကမ်းလှမ်းဟု ဗြိတိန်မီဒီယာခန့်မှန်း

1.3K
တူရကီကလပ် ဖီနာဘာချီအသင်းက မန်ယူတိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို ခေါ်ယူဖို့ ကမ်းလှမ်းနေတယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်းနေပါတယ်။
အသက် ၃၁ နှစ်အရွယ် ဗန်ပါစီဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်နေပေမယ့်လည်း လာမယ့် ဘောလုံးရာသီမှာ အသင်းပြောင်းတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။
ဖီနာဘာချီအသင်းရဲ့ ပြည်တွင်းပြိုင်ဘက် ဂါလာတာစာရေးကလည်း ဗန်ပါစီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လစာနှုန်း မြင့်မားတဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။
မန်ယူကတော့ ဒီလ အစပိုင်းမှာ ဗန်ပါစီကို လစာလျော့ယူပြီး အသင်းမှာ ဆက်နေဖို့ ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
နယ်သာလန် တိုက်စစ်မှူး ဗန်ပါစီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာကြောင့် ရုန်းကန်ခဲ့ရပြီး ၃၁ ပွဲမှာ ၁၂ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၂ ခုနှစ်မှာ အာဆင်နယ်ကနေ ပေါင် ၂၄ သန်းနဲ့ မန်ယူကို ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။