နယူးယောက်အကျဉ်းထောင်မှ ထောင်ပြေး ၂ ဦးကို အင်အားအလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အနောက်ပိုင်းက မြို့တမြို့မှာ ရဲအဖွဲ့က နာမည်ကြီး ထောင်ပြေး ၂ ဦးကို ရှာဖွေနေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ကလင်တန် အကျဥ်းထောင်ကနေ  ထောင်ဖောက်ထွက်ပြေးသွားတဲ့ အသက် ၄၈ နှစ်အရွယ် ရစ်ချက် မတ်နဲ့ အသက် ၃၄ နှစ်အရွယ် ဒေးဗစ် ဆွပ်တို့ကို ဟိုနား ဒီနားမှာ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ အရင်ရက်တွေကလည်း ထွက်ပေါ်ခဲ့ပါတယ်။ အရင်က နယူးယောက်အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ ထောင်သားတွေကို ၃ ရက်အတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့ပေမယ့် အခုတခေါက်မှာတော့ လူသတ်တရားခံ ၂ ယောက်ကို ဖမ်းဖို့ အင်အားအလုံးအရင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပေမယ့် မမိသေးပါဘူး။ အခုဆိုရင် ရှာဖွေနေတာ ၁၅ ရက်ရှိနေပြီး ရှာဖွေရေး နယ်မြေကိုလည်း တနိုင်ငံလုံးကို ဖြန့်ကျက်ထားလိုက်ပါပြီ။ ဒါပေမယ့် တော်တော်များများကတော့ ထောင်ပြေး ၂ ယောက်ဟာ တောတောင် ထူထပ်တဲ့ နယူးယောက်ပြည်နယ်ထဲက အတ်ဒီရွန်ဒတ် တောင်တန်းဒေသနဲ့ ဗာမောက်ပြည်နယ်ထဲက ဂရင်းတောင်တန်း ဒေသမှာ ပုန်းနေနိုင်တယ်လို့ ခန့်မှန်းပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up