၉၂ နှစ်အရွယ် ချီလီအဘွားအိုတွင် ထုံးကျောက်ဖြစ်နေသည့် သန္ဓေသားပျက် တွေ့ရှိ

2.6K
ချီလီနိုင်ငံရဲ့မြို့တော် အနောက်ဘက်က ဆန် အန်တိုနီယို (San Antonio) ဆိပ်ကမ်းမြို့က အသက် ၉၂ အဖွားအိုတဦးရဲ့ သားအိမ်အပြင်မှာ သေဆုံးပြီး ထုံးကျောက်သားဖြစ်နေတဲ့ နှစ်ပေါင်း ၅၀ ကျော် သန္ဓေသားပျက်ကို ဆရာဝန်တွေက ဇွန် ၁၉ ရက်နေ့က စစ်ဆေးတွေ့ခဲ့ကြပါတယ်။
အဘွားအို လဲကျပြီး ဆေးရုံမှာ လာရောက် ပြသရင်း ဓာတ်မှန်ရိုက်စစ်ဆေးကြည့်တော့မှ အလေးချိန်၂ ကီလိုရှိတဲ့ သန္ဓေသားပျက်ကို တွေ့ရှိခဲ့တာပါ။
ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသား သေဆုံးခဲ့ပြီး သားအိမ်ရဲ့အပြင်ဘက်မှာ ထုံးကျောက်သားအဖြစ် ကျန်ရစ်နေတဲ့ ဖြစ်စဉ်မျိုးပါ။
သန္ဓေသားပျက်ကို ဆယ်စုနှစ်နဲ့ချီပြီး လွယ်ထားပြီးမှသိရှိကြတဲ့ အမျိုးသမီးတွေ အရင်ကလည်း ရှိဖူးတယ်လို့ ဆရာဝန်တွေက ပြောဆိုပါတယ်။
မြို့နယ်ဆေးရုံအုပ်ချုပ်ရေးမှူးက အခုလိုဖြစ်ရပ်မျိုးဟာ အတော့်ကို ရှားရှားပါးပါးဖြစ်ရပ်မျိုးဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကြီးလာတဲ့ သန္ဓေသားကျောက်သားဟာ ၀မ်းဗိုက်တခုလုံးကို အပြည့် နေရာယူထားတယ်လို့ ပြောဆိုပါတယ်။
ဒါပေမယ့် အဘွားအိုဟာ အသက်အလွန်`ကြီးရင့်လွန်ပြီဖြစ်လို့ ခွဲစိတ်ဖို့ မကြိုးစားတော့ဘူးလို့လည်း ဆရာဝန်တွေက ပြောဆိုပါတယ်။