A d v e r t i s e m e n t With Us

မန္တလေးတွင် ပထမဆုံးအကြိမ် စုပေါင်းယောဂကျင့်စင် လေ့ကျင့်

အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် စုပေါင်းယောဂ ကျင့်စဉ်လေ့ကျင့်တာကို မန္တလေးမြို့က မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စုပေါင်းယောဂကျင့်စဉ်လေ့ကျင့်တာကို အိန္ဒိယကောင်စစ်ဝန်ရုံးက ကြီးမှုးပြီး ဇွန်လ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့ပြီး  ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ယောဂကျင့်စဉ်ကို စိတ်ဝင်စားသူ ၂ ထောင် ကျော်လောက်လာရောက် ပူးပေါင်းလေ့ကျင့်ခဲ့ကြပါတယ်။ မန္တလေးမြို့၊ အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကိုမင်းဇော်က မန္တလေးမှာ အပြည်ပြည်ဆိုင် ရာယောဂနေ့အဖြစ် ပထမဆုံးကျင်းပတာပါလို့ပြောပါတယ်။ ယောဂကျင့်စဉ်လေ့ကျင့်ရေးမှာ အသက်အရွယ်မရွေးလေ့ကျင့်နိုင်ပြီး ယောဂကျင့်စဉ်လေ့ ကျင့်တာဟာ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်စေသလို ကိုယ်ခန္ဒာအစိတ်အပိုင်းတွေအတွက်လည်း ထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ယောဂကျင့်စဉ်လေ့ကျင့်သူ မမေသူမိုးမြင့်က “ယောဂဆိုတဲ့အဓိပ္ပာယ်က စိတ်ရယ်၊ ရုပ်ရယ်ပေါင်းစပ်လေ့ကျင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီကျင့်စဉ်မှာ စိတ်နဲ့ရုပ်က တသား တည်းဖြစ်အောင် ကျင့်ရတဲ့အတွက်ကြောင့်မို့ ကျမတို့ ကျန်းမာရေးတွေကောင်းလာတယ်။ စိတ် ရောကိုယ်ပါ ကျန်းမာစေတဲ့ ယောဂကျင့်စဉ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုလိုစုပေါင်းယောဂလေ့ကျင့်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တချိန်တည်းမှာပဲ ရန် ကုန်မြို့က သုဝဏအားကစားကွင်းနဲ့ နိုင်ငံပေါင်း တစ်ရာကျော်မှာလည်း မှာလည်း ကျင်းပမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေကလည်း မန္တလေးမြို့မှာ အိန္ဒိယ- မြန်မာချစ်ကြည်ရေး ယောဂကျင့်စဉ် ဓာတ်ပုံပြပွဲ နဲ့ အခြေခံပညာ ကျောင်းသူ၊သားတွေရဲ့ ပန်းချီပြပွဲတွေလည်း ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၁၇၇ နိုင်ငံရဲ့ ထောက်ခံမဲနဲ့ နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ်  ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up