အီတလီစားဖိုမှူးများ၏ ကမ္ဘာ့အရှည်ဆုံး ပီဇာကြီး
အီတလီ စားဖိုမှူး အယောက် ၈၀ ရဲ့ စုပေါင်းလက်ရာ ကမ္ဘာ့အရှည်ဆုံး ပီဇာကြီးကို ဇွန် ၂၀ ရက်နေ့က မီလန် ၂၀၁၅ ပြပွဲမှာ ပြသပါတယ်။
မာဂရီတာ ပီစာက ၁၅၉၅ မီတာ ရှည်လျားတယ်လို့ ဂရင်းနစ် မှတ်တမ်းဌာနက ၀န်ထမ်းတွေကလည်း အတည်ပြုပါတယ်။
ပီဇာကို လုပ်ဖို့ ဂျုံမှုန့် ၁ ဒသမ ၇ တန်၊ ချိစ် ၁.၇ တန်၊ ခရမ်းချဉ်သီး ၁ ဒသမ ၅ တန်းကို အသုံးပြုခဲ့ရပါတယ်။
အီတလီမှာ နာမည်ကြီးတဲ့ မာဂရီတာ ပီဇာဟာ ၁၉ ရာစု နှောင်းပိုင်းမှာ စပေါ်ခဲ့ပြီး အခုအထိ နာမည်ကျော် ဂန္တ၀င်ပုံစံ ပီဇာအဖြစ် လူသိများပါတယ်။