ဂျာမနီနိုင်ငံ တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒရာ ကာလိုဗစ်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်

ဓာတ်ပုံ - Imago/Barcroft Media
1K
ဇွန် ၂၀ ရက်နေ့က ဂျာမဏီနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ဂျယ်ရီ ၀က်ဘာ အိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ရော်ဂျာ ဖက်ဒရာက အိုဗို ကာလိုဗစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ သွားပါတယ်။
အခုပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ ပွဲလည်း ဖြစ်ပ့ါတယ်။
ဒီပွဲမှာ ခရိုအေးရှား တင်းနစ်သမား ကာလိုဗစ်ရဲ့ ပြင်းထန်တဲ့ စပေးဘောတွေကို ဖက်ဒရာ အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့ပါတယ်။
နှစ်ပွဲလုံးကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး အဆုံးအဖြတ် Tie Break မှာ အနိုင်ရခဲ့တာပါ။ ပထမပွဲကို ကမ္ဘာ့အဆင့် ၂ ဖက်ဒရာက ၇ - ၃၊ ဒုတိယပွဲကို ၇ - ၄ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။
အသက် ၃၃ နှစ်အရွယ် ဖက်ဒရာဟာ ဂျယ်ရီ ၀က်ဘာ အိုးပန်း ဗိုလ်လုပွဲမှာ အီတလီက အက်ဒရပ်စ် ဆပ်ပီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။