ကိုပါအမေရိကားဖလား ဥရုဂွေးနှင့်ပါရာဂွေး သရေကျ

1.3K
ဇွန် ၂၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကားဖလား အုပ်စု (ဘီ) ပွဲစဉ်မှာ ဥရုဂွေးနဲ့ ပါရာဂွေး ၁ ဂိုးစီ သရေကျသွားပါတယ်။
ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အုပ်စုကနေ တက်ရေးအတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ဥရုဂွေးအတွက် ဦးဆောင်ဂိုးကို ၂၉ မိနစ်မှာ ဂျီမီနက်စ်က သွင်းယူပါတယ်။ ပါရာဂွေးအတွက် ချေပဂိုး ကိုတော့ ဘာရီရို့စ်က သွင်းယူတာ ဖြစ်ပါတယ်။
ဒီပွဲသရေကျလို့ ဥရုဂွေးက ၃ ပွဲကစား၊ ၄ မှတ်ရပြီး အုပ်စုတတိယနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
ပါရာဂွေးကတော့ ၅ မှတ်နဲ့ အုပ်စု (ဘီ) မှာ ဒုတိယရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ အာဂျင်တီးနားကတော့ ၇ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။