A d v e r t i s e m e n t With Us

ဟောလီးဝုဒ်နာမည်ကြီးမင်းသမီး အိန်ဂျလီနာဂျိုလီ တူရကီကို ရောက်ရှိ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံတမန်ဖြစ်တဲ့ ဟောလီးဝုဒ် သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီဟာ သူ့သမီးငယ် ရှီလာ နိုဘယ် ဂျိုလီပစ် နဲ့အတူ  တူရကီ အရှေ့တောင်ပိုင်းက မာဒင် ပြည်နယ်ဆီ ဇွန် ၂၀ ရက်နေ့က  ရောက်ရှိပါတယ်။ တူရကီမှာ ကမ္ဘာ့ဒုက္ခသည် အခမ်းအနား ကျင်းပမှာ ဖြစ်လို့ ဂျိုလီလည်း တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ မနှစ်က ပထမ နှစ်ဝက်အတွင်း လူပေါင်း ၅ ဒသမ ၅ သန်းဟာ အိုးအိမ် စွန့်ခွာခဲ့ရတယ်လို့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ဆိုပါတယ်။ ဆီရီးယားမှာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ ဒသမ ၈ သန်းလောက် ထွက်ပြေးခဲ့ရသလို၊ လေးနှစ်ကြာ စစ်ပွဲအတွင်း လူပေါင်း ၂ သိန်း ၂ သောင်းကျော် သေဆုံးပြီး၊ ၁ သန်းကျော် ဒဏ်ရာရခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဆီရီးယား ဒုက္ခသည်တွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကို ထွက်ပြေးသွားရလို့ အာဖဂန်နစ္စတန်တွေထက် အခြေအနေဆိုးသွားနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ အာဖဂန် ဒုက္ခတွေ ဦးရေက ၂ ဒသမ ၆ သန်း ရှိပြီး ပါကစ္စတန်နဲ့ အီရန်တို့က အဓိက လက်ခံထားရပါတယ်။ အာဖဂန်ဒုက္ခတွေ နောက်မှာ ဆိုမာလီ ဒုက္ခသည် ၁ ဒသမ ၁ သန်းက တတိယလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဒေသဟာ ဒုက္ခသည်တွေ အများဆုံး ထွက်တဲ့ နိုင်ငံဖြစ်ပြီး အရင် ဆယ်နှစ်ကျော်က ဒုက္ခသည် အများဆုံးထွက်တဲ့  အာရှ ပစိဖိတ်ဒေသထက် တောင် ပိုဆိုးသွားတယ်လို့ ဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up