A d v e r t i s e m e n t With Us

စတာလင်ကို မန်စီးတီးက ဒုတိယအကြိမ်ကမ်းလှမ်းချက် လီဗာပူး ပယ်ချ

လစ်ဗာပူးတိုက်စစ်မှူး စတာလင်ကို ခေါ်ယူရေး မန်ချက်စတာစီးတီးအသင်းရဲ့ ဒုတိယအကြိမ်မြောက် ကြိုးပမ်းချက်ကို လီဗာပူးက ထပ်မံ ပယ်ချလိုက်ပါတယ်။ မန်စီးတီးက စတာလင်ကို ဒီတကြိမ် ကမ်းလှမ်းမှုမှာ အနည်းဆုံး ပေါင် ၃၅ သန်းကနေ ပေါင်းသန်း ၄၀ နီးပါးအထိ တိုးမြှင့်ပေးနိုင်တဲ့ ငွေကြေးနဲ့ ကမ်းလှမ်းတာ ဖြစ်ပါတယ်။ လီဗာပူးမှာ ခြေစွမ်းပြနေတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးကို ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့က ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ တပတ်ကတော့ မန်စီးတီးက စတာလင်ကို ပေါင် ၂၅ သန်းနဲ့  ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့ဖူးပါတယ်။ အင်္ဂလန် တိုက်စစ်မှူး စတာလင်းရဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၇ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အန်ဖီးကလပ်က တပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်းအထိ တိုးပေးပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ လီဗာပူး နည်းပြ ရော်ဂျာစ်ကတော့ စတာလင်အနေနဲ့ စာချုပ်သက်တမ်း ကုန်တဲ့အထိ အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။ သူဟာ ၂၀၁၀ မှာ ကျုပီအာအသင်းကနေ လီဗာပူးကို ရောက်ရှိလာတာပါ။ စတာလင်ဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူးအတွက် ကစားပေးတဲ့ ၃၅ ပွဲမှာ ၇ ဂိုး သွင်းယူပြီး ၇ ဂိုး ဖန်တီးပေးနိုင်သလို ၆၂ ကြိမ် ဂိုးပေါက် ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up