Home
အထွေထွေ
မားစ်ရောဂါ ကူးစက်သူ ထပ်မတွေ့တော့ဟု တောင်ကိုရီးယား ကြေညာ
DVB
·
June 20, 2015
တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း မားစ်ရောဂါ ကူးစက်သူ နောက်ထပ် မတွေ့ရတော့ဘူးလို့ တောင်ရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ဇွန် ၂၀ ရက်နေ့က ကြေညာပါတယ်။ အခုလို ရောဂါသည်အသစ် ထပ်မတိုးတာဟာ ဇွန်လ ၃ ရက်နေ့ နောက်ပိုင်း  ပထမဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။ နောက်ဆုံး စာရင်းအရ မားစ်ရောဂါကြောင့် သေဆုံးသူ ၂၄ ယောက်၊ ကူးစက်သူ ၁၆၆ ယောက် ရှိတာကြောင့် တောင်ကိုရီးယားဟာ ဆောဒီအာရေးဗီးယား နိုင်ငံပြီးရင် မားစ် ရောဂါ ကူးစက်မှု အဆိုးဆုံး နိုင်ငံ ဖြစ်လာပါတယ်။ လောလောဆယ် လူနာ ၆ ယောက် ဆေးရုံက ဆင်းသွားပြီး ၉၁ ယောက်က အခြေအနေ တည်ငြိမ်နေပြီး ၁၅ ယောက်က မတည်ငြိမ်သေးဘူးလို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဂျုံယွန်း ခွန် Jeong Eun-kyeong က ပြောပါတယ်။ တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်သူတွေ အားလုံးဟာ ဆေးရုံဆေးခန်းတွေမှာ ကူးစက်ကြတာ ဖြစ်ပါတယ်။ ရောဂါကူးစက်သူတွေ ထပ်မတိုးဘူး ဆိုပေမယ့် ကြပ်ကြပ်မတ်မတ် ဂရုစိုက်ဖို့တော့ လိုသေးတယ်လို့ ပြောပါတယ်။ မားစ်ရောဂါဟာ အသေအပျောက်များတဲ့ ဆားစ်ရောဂါနဲ့ မျိုးတူ ဖြစ်ပြီး စတင်တွေ့ရှိခဲ့တဲ့ ၂၀၁၂ ကနေ အခုအထိ တကမ္ဘာလုံးမှာ လူ ၄၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024