မန္တလေးတွင် အဆောက်အဦတခု ပြိုကျ (ဓာတ်ပုံ)

မန္တလေးမြို့ ၇၃ လမ်း ချမ်းမြသာစည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က ဆောက်လက်စ အဆောက်အအုံတခု ပြိုကျခဲ့စဉ်
မန္တလေးမြို့ ၇၃လမ်း ချမ်းမြသာစည်မြို့နယ် မန္တလာသီရိဘောလုံးကွင်းအနီးမှာ တည်ဆောက်နေတဲ့ အဆောက်အဦတခု ပြိုကျမှု ဖြစ်ခဲ့ပါတယ်။ မင်္ဂလာမန္တလေးအိမ်ရာစီမံကိန်း ဆောက်လုပ်ရေးဝင်းအတွင်းရှိ Pullman mandalay hotel ဆိုဒ်မှာ ဒီနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဆောက်လက်စအစိတ်အပိုင်းအချို့ ပြိုကျခဲ့ပါတယ်။ လူထိခိုက်ဒဏ်ရာ အများပြားရခဲ့ကြပြီး သေဆုံးသူအချို့လည်း ရှိတယ်လို့ မျက်မြင်အချို့က ပြောကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ည ၉ နာရီမှာ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။    

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up