A d v e r t i s e m e n t With Us

ကယ်လီဖိုးနီးယား ကမ်းခြေတွင် ပုစွန်လုံးများ အစုအပြုံလိုက် လာတင်

အမေရိကန် ပြည်ထောင်စု တောင်ကယ်လီဖိုးရီးယား ကမ်းခြေတွေမှာ အနီရောင် ပုစွန်လုံးတွေ အုံနဲ့ ကျင်းနဲ့ သဲသောင်ပေါ် ရောက်နေတာကြောင့် ရေထဲ ပြန်ချပေးရပါတယ်။ ပူနွေးတဲ့ သမုဒ္ဒရာ ရေလှိုင်းတွေက ပုစွန်လုံးတွေကို မြောက်ဘက်ကို ဆက်လက် တွန်းပို့နေတာကြောင့် ကမ်းခြေဆီကို ပုံမှန်ထက် နီးကပ်လာတာလို့ အရာရှိတွေက ဆိုပါတယ်။ ဆန်ဒီယေးဂိုးနယ်မြေကနေ အော်ရိန်း နယ်မြေအထိ ကမ်းခြေတလျှောက်မှာ တချို့ ပုစွန်လုံးတွေ အစုလိုက် သေဆုံးရသလို၊ တချို့လည်း ပင်လယ်ထဲကို ရေလှိုင်းနဲ့ ပြန်ပါသွားကြပါတယ်။ ဒီလို အဖြစ်အပျက်တွေဟာ ရံဖန် ရံခါ ဖြစ်တတ်ပြီး မျိုးတုံးမှာကို စိုးရိမ်စရာတော့ မလိုသေးဘူးလို့ ဆန်ဒီယေးဂိုး နယ်မြေကနေ သမုဒ္ဒရာဗေဒဌာနမှာ တာဝန်ထမ်းနေတဲ့ ဇီဝဗေဒ ပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် ပုစွန်လုံးတွေမှာ အဆိပ်တမျိုး ပါကောင်းပါနိုင်တဲ့အတွက် လူတွေ စားသုံးဖို့ မသင့်ဘူးလို့လည်း သတိပေးပါတယ်။  

A d v e r t i s e m e n t With Us

More News
Up