A d v e r t i s e m e n t With Us

နိုဘယ်လ်ဆုရှင် မာလာလာ၏ ဘ၀ပုံရိပ် မှတ်တမ်းရုပ်ရှင် ဖြန့်ချိတော့မည်

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပါကစ္စတန် ကျောင်းသူ မာလာလာ ယူဆွဖ်ဆိုင်းရဲ့ ဘ၀ပုံရိပ်တွေ တွေ့ရမယ့် မှတ်တမ်းရုပ်ရှင်ကို ဖောက်စ် ဆာ့ခ်ျလိုက်ထ် (Fox Searchlight) ကုမ္ပဏီက မကြာခင် ဖြန့်ချိဖို့ ရှိပါတယ်။ He Named Me Malala, “မာလာလာလို့ ခေါ်တွင်စေ” လို့ နာမည်ပေးထားပြီး အော်စကာဆုရ ဒါရိုက်တာ ဒေးဗစ် ဂူဂန်ဟင်း Davis Guggenheim ရဲ့ လက်ရာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေးအတွက် လှုံ့ဆော်တဲ့  မာလာလာဟာ ၂၀၁၂ ခုနှစ်တုန်းက သူ့အသက် ၁၅ နှစ်အရွယ်မှာ အမျိုးသမီး ပညာရေးကို ဆန့်ကျင်တဲ့ တာလီဘန် သေနတ်သမားတွေက သေနတ်နဲ့ပစ်တာကို ခံလိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ မာလာလာကို ကမ္ဘာက သိလာပြီး ၂၀၁၄ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပါ ရရှိခဲ့ပါတယ်။ လာမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ အသက် ၁၈ နှစ် ပြည့်မယ့် မာလာလာရဲ့ အတွင်းကျကျ ဘ၀ကောက်ကြောင်းတွေ ပါဝင်မယ့် မှတ်တမ်းရုပ်ရှင်ကိုတော့ အောက်တိုဘာ ၂ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုက မြို့တချို့မှာ စတင်ပြသမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up