ကယ်လီဖိုးနီးယား တောမီး လူ ၁၅၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

1K
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ဘစ်ဘဲ - ၀က်ဝံကြီး ရေကန် တ၀ိုက်မှာ တောမီးလောင်နေတာကြောင့် အနီးအနားကလူ ၁၅၀ ကို ဘေးလွတ်ရာ ရွှွေှ့ပြောင်းလိုက်ရတယ်လို့ နယ်ခံ အရာရှိတွေက ပြောပါတယ်။
ရေကန်ကြီးတ၀ိုက်က တောင်တက်လမ်းတွေနဲ့ လမ်းသွယ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။
တောမီးဟာ ဇွန် ၁၇ ရက်နေ့က စတင်လောင်ကျွမ်းခဲ့ပြီး ဆယ်ပုံတပုံလောက်ကိုပဲ ငြိမ်းသက်နိုင်ပါတယ်။
မီးလောင်ရာလေပင့် အခြေအနေကြောင့်လည်း နေ့ချင်းညချင်း ကျယ်ပြန့်သွားတာလို့ အာဏာပိုင်တွေကပြောပါတယ်။
ခြောက်သွေ့ရာသီမှာ စိုက်ခင်းတွေကို မီးရှို့တာကြောင့် တောမီးစလောင်တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။
လောလောဆယ် မီးသတ်သမား အင်အား ၁၂၀၀ ကို သုံးပြီး မီးငြိမ်းသတ်နေပါတယ်။ ၀က်ဝံကြီး ရေကန်ကို ဆန်း ဘာနတ်ဒင်နို သစ်တောက ဖုံးလွှမ်းထားပြီး အနီးအနားမှာ အမြဲတမ်း အခြေချနေထိုင်သူ ၂၁၀၀၀ ရှိပါတယ်။
ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၆၇၅၀ ကနေ ၉၀၀၀ အတွင်းမှာ အပမ်းဖြေစခန်းပေါင်း ၇ ခုလည်း ရှိပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်း အတိအကျကိုတော့ ဆက်လက်စုံစမ်းေ်နပါတယ်။