ဗီဒယ်လ်ကို ခေါ်ယူရန် အေးဂျင့်နှင့် အာဆင်နယ် ဆွေးနွေး
ဂျူဗင်တပ်စ် ကွင်းလယ်လူဗီဒယ်လ်ကို ခေါ်ယူရေး အာဆင်နယ်နဲ့ ကစားသမားရဲ့ အေးဂျင့်တို့ ဆွေးနွေးနေကြပြီး ဂျူဗီအသင်းက ပေါင် ၂၈.၅ သန်း ရရင်ရောင်းချသွားဖို့ အခြေအနေရှိနေပါတယ်။
ချီလီလက်ရွေးစင် ဗီဒယ်လ်ကို မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ကိုပါအမေရိကဖလားပွဲ ကျင်းပနေချိန်မှာ သူဟာ အရက်သောက် ကားမောင်းပြီး မတော်တဆမှုဖြစ်ခဲ့တာကြောင့် ရီးရဲက ဗီဒယ်လ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု လျော့နည်းခဲ့တာဖြစ်ပါတယ်။
ဗီဒယ်လ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ကစားခဲ့ပြီး ၁၂၄ ပွဲကစားပြီး ၃၅ ဂိုးသွင်းပေးထားပါတယ်။
သူဟာ ၂၀၀၇ ခုနှစ်ကတည်းက ချီလီလက်ရွေးစင်ဖြစ်လာခဲ့ကာ ပွဲပေါင်း ၇၀ နီးပါး ကစားပေးထားပြီး ၁၂ ဂိုးသွင်းထားပါတယ်။