ကွင်းလယ်ကစားသမား ဖာမီနိုကို မန်ယူအသင်းက ပေါင် ၁၃.၁ သန်းဖြင့် ခေါ်ယူ

1.3K
မန်ချက်စတာယူနိုက်တက်အသင်းက ဂျာမန်ဘွန်ဒက်လီဂါ အသင်းတသင်းဖြစ်တဲ့ ဟော်ဖမ်ဟင်း အသင်းက ကွင်းလယ်လူ ရောဘတ်တို ဖာမီနို ကို ပေါင် ၁၃.၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့ ဒေးလီးစတားသတင်းမှာ ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၃ နှစ်အရွယ် ဖာမီနိုကို လီဗာပူးလ် အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့ရပြီး နောက်ဆုံး သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
သူဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်လာတာပါ။ ဖာမီနိုဟာ ၂၀၁၄ မှာ ဘရာဇီးလက်ရွေးစင်ဖြစ်ခဲ့ပြီး လက်ရှိ မှာတော့ ကစားပွဲ ၆ ပွဲနဲ့ ၃ ဂိုးသွင်းထားပါတယ်။