Home
အထွေထွေ
မူးယစ်ဆေးသံသဖြင့် အဆင့်မြင့်အရာရှိ ဖမ်းဆီးခံရမှု တိုယိုတာဥက္ကဋ္ဌ တောင်းပန်
DVB
·
June 20, 2015
တိုယိုတာ မော်တော်ကား ကော်ပိုရေးရှင်းရဲ့ ပထမဆုံး အမျိုးသမီး အဆင့်မြင့်အရာရှိသစ် ဂျူလီဟမ့်ပ်ကို အကိုက်အခဲ ပျောက်ဆေးတွေ  ဂျပန်နိုင်ငံကို တရားမ၀င် သယ်ဆောင်မှု သံသယနဲ့ ဖမ်းဆီးခံရတဲ့ကိစ္စအတွက် တိုယိုတာဥက္ကဋ္ဌ အာကီယို တိုယိုဒါက ဇွန် ၁၉ ရက် နေ့မှာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်တဲ့ သတင်းအစည်းအဝေးကနေ တောင်းပန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကမှ ရာထူးတိုး ခန့်အပ်လိုက်တဲ့ ဂျူလီဟမ့်ပ်ဟာ ဥပဒေကို ချိုးဖောက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိမှာပါလို့လည်း တိုယိုတာဥက္ကဋ္ဌက သူ့ဝန်ထမ်းဘက်က ကာကွယ်ပြောဆိုသွားပါတယ်။ [caption id="attachment_98681" align="alignright" width="329"]ဂျူလီဟမ့်ပ် (ဓာတ်ပုံ - အေအက်ဖ်ပီ) ဂျူလီဟမ့်ပ် (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption] ဂျပန်မီဒီယာတွေကတော့ ဂျပန်နိုင်ငံက ဟမ့်ပ် ဆီကို လိပ်စာတပ်ပြီး အမေရိကန်ပြည်ထောင်စု ကနေ ဆွဲကြိုးတွေလို့ အညွှန်းတပ် ပေးပို့လိုက်တဲ့ ပါဆယ်ထုပ်မှာ အောက်ဆီ ကိုဒုံး အကိုက်အခဲဆေးပြား ၅၇ လုံးကို တွေ့ရှိရတယ်လို့  ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးတွေကို ကိုးကားပြီး ပြောသွား ပါတယ်။ ကစားစရာဆွဲပြားတွေ၊ ဆွဲကြိုးတွေ ထည့်ထားတဲ့ ပါဆယ်ထုပ် ရဲ့အောက်ခြေနဲ့ အိပ်ကပ်တွေ ထဲမှာ ဆေးပြားတွေ ကို မြှုပ်ထားတာလို့ ဆိုပါတယ်။ ဂျူလီဟမ့်ပ်ကတော့ တရားမ၀င်ပစ္စည်းကို တင်သွင်းတယ်လို့ မထင်ကြောင်း ပြောဆိုတယ်လို့ တိုကျိုမြို့တော် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကတော့ ပါဆယ်ထုပ်အကြောင်း မီဒီယာထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ ဒီအမှုနဲ့ မပတ်သက်တဲ့ ဂျပန် ပြစ်မှုကာကွယ်ရေး ၀န်ထမ်းတဦးက ဒီအမှုမှာ ပတ်သက်နေတဲ့ ဆေးပြားအရေအတွက် အများအပြားဟာ စွဲချက်တင်လိုက်ပြီဆိုရင်တော့ အသက် ၅၅ နှစ်အရွယ် ဟမ့်ပ်ဟာ ထောင်ဒဏ်နှစ်ချီ ကျခံရမှာဖြစ်ပြီး ပြည်နှင်ဒဏ် အပေးခံရမယ်လို့ ဆိုပါတယ်။ အောက်ဆီကိုဒုန်း ဆေးဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် ၂ နိုင်ငံလုံးမှာ ဆေးပညာရှင်ရဲ့ ညွှန်ကြားချက်နဲ့သာ ၀ယ်ယူခွင့်ရှိတဲ့ ဆေးဝါးဖြစ်ပါတယ်။ ဒီဆေးကို ဂျပန်နိုင်ငံထဲ ယူဆောင်လိုရင် အစိုးရခွင့်ပြုချက် အရင်ယူဖို့ လိုအပ်ပြီး လူကိုယ်တိုင် သယ်ဆောင်လာရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024