Home
မြန်မာသတင်း
မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လွှတ်တော်တွင် ယနေ့ ဆွေးနွေးမည်
ကျော်ဇေယျာဝင်း
·
June 19, 2015
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဇွန် ၁၉ ရက်နေ့က ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ဒီမဟာဗျူဟာစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးပြီး လွှတ်တော်အဆုံးအဖြတ် ရယူမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အစိုးရအဖွဲ့ကိုယ်စား ဒီမဟာဗျူဟာစီမံကိန်း အစီရင်ခံစာကို ဇွန် ၁၀ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ ဒီမဟာဗျူဟာစီမံကိန်းမှာ ရန်ကုန်အရှေ့ပိုင်းမြို့သစ်၊ အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်၊ လှည်းကူးမြို့သစ် စတဲ့ ဦးစားပေးအလိုက် မြို့သစ်စီမံကိန်း ၇ ခု ပါဝင်ပါတယ်။ အကျယ်အဝန်းစုစုပေါင်း ဧက ၁ သိန်း ၁ သောင်းကျော်မှာ လူဦးရေ ၂ သန်း ၄ သောင်းကျော် နေထိုင်ဖို့အတွက် ရေးဆွဲထားပါတယ်။ ကုန်ကျစရိတ် စုစုပေါင်းကတော့ ကျပ်ဘီလီယံ ၈၁၀၀ ကျော်ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024