A d v e r t i s e m e n t With Us

စစ်ရေးလေ့ကျင့်မှုအတွင်း ယာဉ်တိုက်မှုကြောင့် ဗြိတိန်နှင့် အိန္ဒိယစစ်သားအချို့ ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်ရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဧရိယာထဲမှာ စစ်ကား ၃ စီးပါတဲ့ ယာဉ်တိုက်မှုအတွင်း ဗြိတိန်နဲ့ အိန္ဒိယစစ်သားတွေ ဒဏ်ရာရခဲ့တယ်လို့ ဗြိတိန်စစ်တပ် ပြောခွင့်ရက ဇွန် ၁၈ ရက်နေ့က ပြောပါတယ်။ စစ်သားတွေဟာ ဗြိတိန်နဲ့ အိန္ဒိယ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင် လေ့ကျင့်နေခဲ့တာလို့ ဗိုလ်မှူးချုပ် မာတင် ဂမ်ဘယ်လ်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို မတော်တဆဖြစ်တဲ့ နေရာမှာတင် ကုသပေးပြီး အရေးပေါ် ဝန်ဆောင်မှုအဖွဲ့က ဆောက်သမ်တန်နဲ့ စာလစ်ဘာရီ ခရိုင်ဆေးရုံတွေဆီ သယ်သွားခဲ့တယ်၊ တချို့လူတွေကိုတော့ ဝက်စ်ဒေါင်းစခန်းထဲက စစ်ဘက်ဆေးဌာနမှာ ကုသပေးနေတယ်၊ ဆေးရုံပေါ်မှာ စစ်သား ၆ ယောက် ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။ မတော်တဆမှုအတွင်း စစ်သားဘယ်နှယောက် ဒဏ်ရာရခဲ့တယ် ဆိုတာကိုတော့ ဂမ်ဘဲလ်က ပြောမသွားပါဘူး။ ဒါပေမယ့် ဝစ်လ်သ်ရှိုင်းယား ရဲဌာနကတော့ စစ်သား ၉ ယောက် ဒဏ်ရာရပြီး အရာရှိ ၂ ယောက်က ခြေထောက်မှာ အပြင်းအထန် ဒဏ်ရာရတယ်လို့ ဇွန် ၁၈ ရက်နေ့က ပြောပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်သွားမယ်လို့ ဂမ်ဘဲလ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up